view plainprint? Facebook မှာ Post တွေ ကြိုတင်ရေးနည်း-ကြိုတင်စာပို့နည်း ~ *TAKOTAW*

Wednesday, March 18, 2015

Facebook မှာ Post တွေ ကြိုတင်ရေးနည်း-ကြိုတင်စာပို့နည်း


 မင်္ဂလာပါ ကျွန်တော် သည်တစ်ခါ ရေးဖြစ်တာလေးကတော့ လူအများနှစ်သက်စွာအသုံးပြုနေကြတဲ့ 
FACEBOOK ထဲကအကြောင်းအရာတစ်ခုဘဲ ဖြစ်ပါတယ်.. ဒါကတော့ မိမိတို့ FACEBOOK မှာ

ကျွန်တော် တို့ BLOGGER တွေလိုဘဲ POST တွေကို အချိန်ကိုက်ပြီး ကြို တင်ထားလို့ရတဲ့နည်းလမ်း

လေးတစ်ခုဘဲ ဖြစ်ပါတယ်.. ဒါကလည်း အမှန်တကယ် သိသင့်တယ်လို့ ယူဆမိလို့ပါ။

တခါတလေ သူငယ်ချင်း မွေးနေ့တွေ ဆိုပါစို့ နောက် ၃ ရက်နေမှရောက်မယ်ဆို ကိုယ်က သည်နေ့ဘဲ

လိုင်းအဆင်ပြေတယ်  ပို့ထားခြင်တယ်ဆိုရင် သည်နည်းလေးဘဲ လုပ်လိုက်ပါ။

နောက် ၃ ရက်ဆိုတဲ့ နေ့စွဲ - အချိန် တွေကိုကိုက်ညီစွာ ကြိုတင်ပြီး ပို့ထားနိုင်ပါတယ်.. အောက်မှာ

တဆင့်ချင်း ပုံလေးတွေနဲ့ အတူ ရှင်းပြထားပါတယ်နော်... စောင့်ဆိုင်းနေစရာမလိုတော့ပါဘူး။ အဲဒီလို 
Schedule လုပ်ပေးနိုင်တာက Postfity ဆိုတဲ့ Web App တစ်ခုဖြစ်ပါတယ်။

Postfity ၀က်ဆိုက်ကို အောက်ပါ လင့်ကနေ သွားပါ။
ပထမဦးဆုံးအနေနဲ့ 

သည်နေရာ  ( https://app.postfity.com/create  )  ကိုကလစ်ပြီး ၀င်လိုက်ပါ။ အောက်မှာ ဆက်ကြည့်ပါ။
အဆင့် ( ၁ ) အနေနဲ့... Log in with Facebook  ဆိုတာနဲ့ကလစ်ဝင်လိုက်ပါ


အဆင့် ( ၂ )  အနေနဲ့ကတော့ ပုံမှာ ပြထားသလို Okay ဆိုတာကလစ်ပေးလိုက်ပါ။
 အဆင့် ( ၃ ) အနေနဲ့ကတော့ ကိုယ်ရေးပို့ခြင်တာက သူငယ်ချင်းဆီလား Status တင်မှာလား 
ဆိုတာ ရွေးချယ်ပြီး တာနဲOkay ဆိုတာနဲ့ တက်သွားလိုက်ပါ။



 အဆင့်  ( ၄ ) အနေနဲ့ကတော့  ပြထားသလို Contact Account ဆိုတဲ့ အပြာလုံးလေး 
ကိုကလစ်လိုက်ပါ။


 အဆင့် ( ၅ ) အနေနဲ့ မိမိရဲ့ သူငယ်ချင်း စာရင်းကိုပြသထားမှာ ဖြစ်ပါတယ် ကိုယ် ပို့လိုတဲ့ သူကို 
ကလစ်ပေးလိုက်ပါ။


 အဆင့်  ( ၆ ) ကတော့ ပို့ခြင်တဲ့ သူဆီကို စာသားတွေ ရေးသားနိုင်မယ် ပုံထည့်နိုင်မယ်...
 ဒါတွေ ပြီးတာနဲ့ ကိုယ်ပို့လိုတဲ့ အချိန်တွေ နေ့ရက်တွေကို ချိန်ကိုက်ကြရမယ် အဲအတွက်  အောက်နားက
 အ၀ါရောင်လေးဖြစ်တဲ့ Schedule ဆိုတာကိုကလစ်ပေးလိုက်ပါ.. ဒါဆို ဘောက်လေးတခု 
ကျလာမယ်  ဘောက်မှာ အချိန်-နေ့စွဲ-စံတော်ချိန် စတာတွေ
 
လိုအပ်သလို ချိန်ကိုက်ပေးလိုက်ပါ.. စံတော်ချိန်ကို မြန်မာ နိုင်ငံ မပါသော်လည်း နီးစပ်ရာ Singerpore စတဲ့
 နိုင်ငံစံတော်ချိန် ထားပေးလိုက်ပါ။  ဒါဆို အဆင်ပြေပါပြီ အားလုံး အိုကေတာနဲ့ အောက်နားက Save 
Schedule  ဆိုတာလေးကလစ် ပေးလိုက်ပါ။

တကယ်လို့ အဲအချိန် မကျမှီ ပို့ထားတာကို ပြန်ဖျက်မယ်ဆိုလည်း ရပါတယ်..နော်  
အဲအတွက် တွေ့မှာပါ..အားလုံးအဆင်ပြေကြပါစေ..


0 comments:

Post a Comment

links များ download မရပါကcomment​ပေးခဲ့နိုင်​ပါတယ်​။

Logo Design by FlamingText.com
Logo Design by FlamingText.com