view plainprint? Samsung Galaxy Note 4 All Variants အားလုံးကို အလွယ်တကူ Root လုပ်ယူနည်း ~ *TAKOTAW*

Friday, January 23, 2015

Samsung Galaxy Note 4 All Variants အားလုံးကို အလွယ်တကူ Root လုပ်ယူနည်း

Samsung Galaxy Note 4 All Variants အားလုံးကို အလွယ်တကူ Root လုပ်ယူနည်း
မင်္ဂလာပါ
ဒီနေ့ကျနော့် Gmail ကိုစစ်ဆဲရအောင်ဆိုပြီး
ဖွင့်လိုက်တာနဲ့ Jan 19 ရက်နေ့က Gmail ပို့ပြီးတကူးတကတောင်းဆိုလာတဲ့
ညီအကိုတစ်ယောက်ရဲ့ တောင်းဆိုချက်လေးပါ...။

အကို ကျွန်တော့်ရဲ့ note 4 ကို root လုပ်ချင်ပါသည် ကျေးဇူးပြူ
ပြီး ကူညီပေးပါလို့ (NOTE 4 SM-N910V)

 ကျနော် ၀မ်းသာပါတယ် ဘာဖြစ်ဖြစ် ကူညီပေးရလို့ပါ
ကျနော်ရယ် တစ်ခြား Admin တွေပါ ဖုန်းနဲ့ပါတ်သက်ပြီး
တောင်းဆိုလာသမျှကို ၀ိုင်းပြီး ဖြေရှင်းရင်း တင်ပေးနေကြတာလဲ
အမြဲလိုလိုပါ၊ ဒါပေမယ့် အချို့ လည်း အဆင်ပြေကြသလို
အဆင်မပြေတဲ့ ဘော်ဒါတွေလည်း ရှိကြမှာပါ...။

ကျနော် Note 4 နဲ့ပတ်သက်လို့ အရင်တင်ပေးဖူတာလည်းရှိကောင်းရှိမှာပါ
ဒါပေမယ့် ဒီတစ်ခါ ပိုလို့အဆင်ပြေသွားအောင် အားလုံးအတွက်
ကျနော် သိသလောက်ကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ...။

ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာက NOTE 4 SM-N910V
ကို အလွယ်တကူ Root ဘယ်လိုလုပ်ယူမလဲ ဆိုတာပါ
 ဒီနေရာမှာ တိုက်ဆိုင်လို့ အနည်းငယ်ပြောချင်ပါတယ်
 Note 4 ဖုန်းများနဲ့ ပတ်သက်လို့ NOTE 4 SM-N910V ရယ်လို့
မဟုတ်ပါဘူး အခုကျနော်ပြပေးမယ့် နည်းလေးက Note 4 ဖုန်း
ဗားရှင်းအားလုံးကို ဒီနည်းလမ်းအတိုင်းဆိုရင် အားလုံးအဆင်ပြေပါတယ်။

 ကဲဗျာ Root မလုပ်မှီ လိုအပ်တာတွေကို
 အရင်ဦးဆုံးအောက်ကလင့်တွေမှာ ဒေါင်းလော့ရယူလိုက်ပါ

၁။ Samsung Phone Driver for windows ကိုအောက်မှာဒေါင်းပါ

Download Here

OR

Download Here

(Samsung Driver အတွက် Kies3 ကိုဒေါင်းယူပါ)
ပြီးရင် အင်စတောလုပ်လိုက်ပါ

၂။ Odin3 ကို အောက်ကလင့်မှာဒေါင်းယူပါ

Download Here

OR

Download Here

၃။ CF-Auto-Root for Galxy Note 4 SM-N910V ကို အောက်မှာရယူပါ
Odin လည်းတစ်ခါတည်းပါပြီးသာပါ
 
Download Here

OR

Download Here

 ၄။ ဖုန်းကို Root မလုပ်မှီ ကျနော် အထူးမှာချင်တာကတော့
ဖုန်းကို Backup လုပ်ထားဖို့ပါ.
၅။ ဖုန်းကို ပါဝါပိတ်လိုက်ပါ ပြီးတော့ Phone ကို Download mode သွင်းပါ။ 

Power Button ခလုပ်>>>Volume Down Button
(အသံတိုးတဲ့ခလုပ်)>>>Home Button>>>
ကို တစ်ပြိုင်တည်း တွဲနှိပ်လိုက်ပါ။ အောက်ကပုံလေးကိုကြည့်လိုက်ပါ
၆။ ဖုန်းဟာ Warning ဆိုပြီး အောက်ကပုံအတိုင်းဖြစ်နေပါလိမ့်မယ်။
 ၇။ Volume Up Button အသံချဲ့ ခလုပ် ကို တစ်ချက်နှိပ်လိုက်ပါ။
 ၈။ ဒေါင်းလော့ရလာတဲ့ CF-Auto-Root Zip ဖိုင်ကို ဖြေလိုက်ပါ
ပြီးရင် Odin ကိုဖွင့်လိုက်ပါ။ ကွန်ပျူ တာနဲ့ဖုန်းကို ချိတ်ဆက်လိုက်ပါ
USB ကြိုးကို ချိတ်ဆက်ပြီးလို့ Odin မှာ အောက်ကပုံအတိုင်း
ပြနေပါလိမ့်မယ် ဆိုရင် အသင့်ပြီးနေပါပြီ။

 ၉။ Odin ရဲ့  PAD ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ
 စောနားက ကိုယ်သိမ်းဆဲထားတဲ့ Zip ဖိုင်ထဲက
 CF-Auto-Root-trltevzw-trltevzw-smn910v ဆိုတာကို
ရွေးပေးလိုက်ပါ ပြီးရင် Open ကိုနှိပ်လိုက်ပါ။
 ပြီးတော့မှ Start ဆိုတာကိုနှိပ်လိုက်ပါ
ဖုန်းနဲ့ကွန်ပျူ တာအလုပ်လုပ်နေတုန်း USB ကြိုးကို
 ဖြု တ်ပစ်တာမျိုး လုံးဝမလုပ်မိပါစေနဲ့။
 ၁၀။ မိနစ်အနည်းလောက်ကြာပြီးလို့ Pass လို့ စာတန်းအစိမ်းရောင်လေးနဲ့
ပြပြီး Complete လို့ ပြပြီး ဖုန်းက သူ့အလိုလို Restart ကျသွားပါလိမ့်မယ်။

 ၁၁။ ပြန်တက်လာတဲ့အခါမှာတော့ မိမိဖုန်းNOTE 4 SM-N910V ဟာ
 Root Access ရရှိသွားပါ။ USB ကြိုးကိုဖြုတ်လိုက်ပါ။

မြန်မာစာအတွက်က မိမိနှစ်သက်ရာ ဖောင့်နဲ့ကီးဘုတ်ကို
ထည့်သွင်းအသုံးပြု နိုင်ပါတယ်၊ ဖောင့်နဲ့ကီးဘုတ်ထည့်နည်းများကိုတော့
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ

တောင်းဆိုထားကြတဲ့ ဘော်ဒါများအနေဖြင့် 
စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

0 comments:

Post a Comment

links များ download မရပါကcomment​ပေးခဲ့နိုင်​ပါတယ်​။

Logo Design by FlamingText.com
Logo Design by FlamingText.com