view plainprint? စမတ်ဖုန်းတွေအတွက် Android Device များကို Backup လုပ်ရန် အကောင်းဆုံး Apps များ ~ *TAKOTAW*

Saturday, December 13, 2014

စမတ်ဖုန်းတွေအတွက် Android Device များကို Backup လုပ်ရန် အကောင်းဆုံး Apps များ

မင်္ဂလာပါ
ဒီပို့စ်ကို တင်ပေးချင်နေခဲ့တာကြာပါပြီ
မတိုက်ဆိုင်နေသေးတာ တင်ပေးချင်တာတွေ များနေလို့ မတင်အားဖြစ်နေတာပါ၊
ဒီနေ့တော့ အားအားရှနေတာနဲ့ အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
ခေတ်ရဲ့သားကောင်တွေဖြစ်ကြတဲ့ ကျနော်တို့ဟာ ခေတ်ရေစီးကြောင်းများနဲ့အတူ
Technology ကမ္ဘာကြီးမှာ ရွှေ့ပြောင်းနေထိုင်လာကြတယ်။
အဲဒီမှာ လူသားအားလုံးအတွက် မရှိမဖြစ်တဲ့ Civilization လို့ခေါ်မလား
ခေတ်ပြိုင် မြင်းနှစ်ကောင်ဟာ အပြိုင်ပြေးလွှားနေကြတယ်။
တစ်ကောင်က iSO တစ်ကောင်တည်ရပ်တည်နိုင်တယ်ဆိုတဲ့
သူ့ရဲ့အတွေး ကြိုးစားအားထုတ်မှုက တကယ့်အံ့မခန်းပါ။
နောက်တစ်ကောင်ကတော့ Google ကကောက်မွေးစားထားတဲ့
Android ဖြစ်ပါတယ်၊ သူကတော့ Group နေထိုင်တတ်ပြီး
Open Source စနစ်ကိုကျင့်သုံးပြီး အားလုံးနဲ့ အဆင်ပြေအောင်
ပေါင်းသင်းဆက်ဆံနေထိုင်တယ်။ ဘာပဲဖြစ်ဖြစ် သားကောင်အားလုံးဟာ
ကျနော်တို့ရွှေ့ပြောင်းနေထိုင်လာကြတဲ့ Technology ကမ္ဘာကြီးအတွက်
မရှိမဖြစ်တဲ့ ရှေးပြေးမြင်ကောင်တွေဖြစ်ပါတယ်။
အဲဒီအထဲကမှာ Android Device Group ထဲတွင်နေပျော်၍
အနေသားကျနေတဲ့ ဘော်ဒါတွေအတွက် ကျနော် ဒီပိုစ့်လေးကို
အထူးရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား။

စမတ်ဖုန်းတွေအတွက် နေ့စဉ်နဲ့အမျှ Update တက်နေကြတဲ့
Apps တွေကတော့ များမှများပါ၊ အဲဒီအထဲကမှ
ကျနော်တို့ကိုင်ဆောင်ထားကြတဲ့ ဖုန်းအားလုံးအတွက် Root မလုပ်မှီပဲဖြစ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် မိမိဖုန်းမှာရှိတဲ့ အရာအားလုံးကို
ပျက်စီးဆုံးရှုံးသွားရာကနေ ပြန်လည်ရယူချင်ကြမှာပါ၊ ဒီအခါမှာ အခုကျနော်
ရှာဖွေတင်ပေးလိုက်တဲ့ Apps 6 က သင့်ဖုန်းမှာ ဆုံးရှုံးပျက်စီးသွားတဲ့
ဖုန်းနဲ့ပတ်သက်သမျှအားလုံးကို ဘာမဆို ပြန်ရယူပေးနိုင်မယ့် ဆော့ဝဲတွေ
ဖြစ်ကြပါတယ်ခင်ဗျား။

၁။ Mybackup Pro
ဒီဆော့ဝဲဟာ  Google Play store မှာ အရမ်းနာမည်ကြီးတဲ့
App ဖြစ်ပါတယ်။ သင့်ဖုန်းမှာ ပျောက်ဆုံးသွားတဲ့
 Apps, Photos, Contacts, Call log, Browser Bookmarks, SMS, System Settings, Home Screens, Music Playlists, စတာတွေကို အကောင်းဆုံး  backup လုပ်ပေးနိုင်ပြီး ဖုန်းရဲ့ SD card သို့
 online မှာ Cloud အနေဖြင့်သိမ်းဆဲထားပေးနိုင်ပါတယ်။

Download Here

၂။ Titanium Backup
ဒီဆော့ဝဲလေးကတော့ ကျနော့်အကြိုက်ဆုံး App တစ်ခုဖြစ်ပါတယ်။
ဘာကြောင့်ကြိုက်သလဲဆိုရင် Android devices အတွက် backup လုပ်တဲ့နေရာမှာ
တကယ့် the most powerful ကြီးဖြစ်နေလို့ပါခင်ဗျား။ ဒါပေမယ့် ဒီကောင်ကတော့
Root Access ရှိထားပြီးသားဖုန်းတွေမှာသာ အဆင်ပြေတာပါ။
ကျနော့်အထင်တော့ ဒီဆော့ဝဲလေးဟာ Root ဖောက်ထားပြီးသားဖုန်းတွေအတွက်
အကောင်းဆုံးလို့ထင်ပါတယ်။ ဘာလို့လဲဆို ဖုန်းထဲရှိတဲ့
settings ရယ် ဘယ် app မျိးကိုမဆို  backup and restore ကောင်းကောင်းလုပ်ပေးနိုင်တဲ့
ဆော့ဝဲဖြစ်ပါတယ်။ ပြီးတော့ မိမိရွေ့ထားချင်တဲ့ ဘယ် app မျိုးကိုမဆို SD card ထဲသို့
One Click နဲ့ ရွေ့ပြောင်းပေးနိုင်ပါတယ်။

Download Here

၃။ SMS Backup & Restore
 ဒီဆော့ဝဲကတော့ ဖုန်းကို clean လုပ်ပေးနိုင်တဲ့ အပြင်
ဖုန်းထဲရှိ  app အားလုံးနဲ့ SMS Messages အားလုံးကို
အလွယ်တကူ backup and restore လုပ်ပေးနိုင်ပါတယ်။
မိမိကိုယ်တိုင်လည်း XML format စတဲ့ Backup files တွေကို
ဖန်တီးယူနိုင်ပြီး ဖုန်းရဲ့ SD card မှာ သိမ်းဆဲထားနိုင်ပါတယ်။
SD Card မှာသာ သိမ်းဆဲထားခဲ့ရင်တော့
 test messages ဘယ်အချိန်မဆို Restore လုပ်ယူနိုင်တဲ့
ဆော့ဝဲကောင်းဖြစ်ပါတယ်။

Download Here

၎။ App Backup & Restore
 ဒီဆော့ဝဲကလည်း Apps များ SMS များကို
 Backup & Restore ကောင်းကောင်းလုပ်နိုင်ပါတယ်။
အသုံးပြုရတာအရမ်းလွယယ်ကူပြီး မိမိဖုန်းမှာ ရှိတဲ့
ဆော့ဝဲနဲ့ ဖိုင်အားလုံးကို SD card မှာ သိမ်းဆဲထားယူနိုင်ပြီး။
 SD card to restore ကို အလွယ်တကူ လုပ်ယူနိုင်မှာဖြစ်ပါတယ်။

 Download Here

၅။ ROM Manager
ဒီဆော့ဝဲကို အသုံးပြုနိုင်ဖို့ကတော့ မိမိဖုန်းဟာ ရုန်းဖောက်ထားပြီးသား
ဖုန်းတစ်လုံးဖြစ်ရပါမယ်။ custom ROM အမျိုးအစားကိုအခြေခံရေးဆွဲထားတာမို့
တစ်ခါတလေ မိမိဖုန်းမှာပါလာတဲ့ ROM အမျိုးအစားကိုမကြိုက်ဖူး
တစ်ခြား ROM တစ်ခုကို ပြောင်းလဲအသုံးပြုချင်ရင်တော့ Android မှန်ရင်
Root လုပ်ကိုလုပ်သင့်ပါတယ်။ တကယ့်လို့မိမိဖုန်းဟာ Root Access ရရှိထားပြီးသား
ဖုန်းတစ်လုံးသာဆိုရင်တော့ ဘယ် ROM အမျိုးအစားကိုမဆို မိမိဖုန်းမှာ
တင်သုံးနိုင်ပြီး ဖုန်းနဲ့ပတ်သက်တဲ့ backup & Restore လုပ်ဖို့ရန် လွယ်ကူသွားပါပြီ။

Download Here

၆။ Contacts Backup Pro 
ဒီဆော့ဝဲကတော့  Google, Outlook, and SIM contacts တို့အတွက်
solution အနေဖြင့် ရေးဆွဲထားတာဖြစ်ပါတယ်။ CSV file အပါအ၀င်
ဖုန်း contacts ရှိ ဘော်ဒါများအားလုံးကို backup အလွယ်တကူလုပ်ယူနိုင်မှာဖြစ်ပါတယ်။
မိမိဖုန်းထဲရှိ ဆော့ဝဲများနဲ့ ဖိုင်တွေအားလုံးကို Desktop or SD card မှာ စိတ်ကြိုက်
သိမ်းဆဲထားယူနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဝဲဟာ စမတ်ဖုန်းတွေအတွက်ဆိုရင်
Restore လုပ်ဖို့ရန်အတွက် အကောင်းဆုံးတစ်ခုဖြစ်မယ်ထင်ပါတယ်။
ပြီးတော့ ဖုန်းကို backup လုပ်တဲ့နေရာမှာ တစ်ခုမှ မကျန်အောင်
အကုန်လုပ်ပေးနိုင်ပြီး Mobile Security အတွက် တစ်ခုတည်းသော
ဆော့ဝဲဖြစ်ပါတယ်။

Download Here
ဒီလောက်ဆိုရင်တော့ သင့်အတွက် 
တော်တော်ပြည့်စုံလုံလောက်ပြီလို့ထင်ပါတယ်
 အားလုံးပဲ ဘ၀ရဲ့ အမောတွေပြေနိုင်ကြပြီး
Android Device တွင်တော်၍ ပျော်နိုင်ကြပါစေ
တစ်ဆင့်မျှဝေလိုတဲ့ညီအကိုများကတော့ ကြိုက်သလို
ကူးယူဖေါ်ပြခွင့်ရှိပါတယ်၊ ဒါပေမယ့် နာရီပေါင်းအချိန်ကုန်ခံပြီး
ကြိုးစားရေးထားတဲ့ ကျနော်ကိုတော့ Credit လေးတော့
ပေးခဲ့ကြပါခင်ဗျား။

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

0 comments:

Post a Comment

links များ download မရပါကcomment​ပေးခဲ့နိုင်​ပါတယ်​။

Logo Design by FlamingText.com
Logo Design by FlamingText.com