view plainprint? RAM Memory နည်းသော Android ဖုန်းများအတွက် RAM မြှင့်နည်း ~ *TAKOTAW*

Saturday, July 26, 2014

RAM Memory နည်းသော Android ဖုန်းများအတွက် RAM မြှင့်နည်း

အခုပြောပြပေးမှာက RAM နည်းတဲ့ Android တွေ အတွက် SD ကတ်မှ Swap ဖိုင်တည်ဆောက်ယူပြီး Swap Area ဖြင့် Ram ကိုsupport ပေးနည်းဖြစ်ပါတယ်

ဖုန်းတိုင်းတော့မရပါဘူး ဖုန်းရဲ့ kernel က swap ကို support ပေးမှ ရပါတယ် kernel က support မပေးရင်တော့ kernel ကိုသွားချိန်းမှ ရပါတယ် kernel ချိန်းတာက အန္တရာယ်များပါတယ် အခန့်မသင့်ရင် firmware ကျတတ်ပါတယ် ဒါကြောင့် kernel ချိန်းနည်းကိုမပြောပြတော့ပါဘူး
ပထမဆုံးလိုအပ်တာက root ဖောက်ထားတဲ့ဖုန်းဖြစ်ရပါမယ်

လိုပ်အပ်တဲ့ Software တွေကတော့
၁ ။ DiskInfo

 dowmload diskinfo.apk 

၂ ။ MemoryInfo-SwapCheck
 download memoryifo-swapcheck.apk 

၃ ။ Busy box (ရှိပြိးသားဆိုရင်တော့မလိုတော့ပါဘူး)

 download busybox pro. apk 

၎ ။ RAMEXPANDER

 download .apk 

ဒါင်းပြိးရင်တော့ ပြုလုပ်ပုံကိုပြောပြပါမယ်

၁ ။ DiskInfo ဆိုတဲ app ထဲဝင်လိုက်ပါ Memory ဆိုတဲ့ ခေါင်းစဉ် အောက်က RAM ဆိုပြိးပါပါတယ်
အဲမှာ SWAP ဆိုပြိးပါရဲ့လားကြည့်လိုက်ပါ မပါရင် စလုပ်ကြည့်ကြပါတော့မယ် (ပါရင်လဲ ထပ်တိုးလို့ရပါတယ်) ပြိးရင်ထွက်လိုက်ပါ
၂ ။ ပြိးရင် MemoryInfo-SwapCheck ဆိုတဲ့ app ကိုဝင်လိုက်ပါ အဲမှာအောက်ဆုံးက ROEHSOFT RAMEXPANDAR TEST ဆိုပြီးပါပါတယ် နှိပ်လိုကပါ

၃ ။ Memory list တွေပေါ်လာပါမယ် အဲထဲက ကိုယ်ထည့်ထားတဲ့ External Memory Card ကို ရှာပြိး နှိပ်လိုက်ပါ Test လုပ်ပါလိမ့်မယ် ခဏစောင့်လိုက်ပါ

၎ ။ Congratulations ဆိုပြိးပေါ်လာရင် ရပါပြီ no thx later ကိုနှိပ်လိုက်ပါ
(ဒီနေရာမှာ Congratulations ဟုမပေါ်ပဲ your kernel is not support အဲလို စာမျိုးပေါ်လာရင် တော့ မရပါဘူး ဆက်မလုပ်ပါတော့နဲ့ လုပ်ချင်ရင်လဲ kernel ချိန်းရပါတော့မယ်)

၅ ။ Congratulation ပေါ်သူများ ဆက်လက်ပြီး Busy box ကို Install လုပ်ပေးပါ install လုပ်နည်းကို ပုံမှာလဲပြထားပါတယ်

၆ ။ REMEXPANDER ထဲကိုဝင်ပါတော့မယ် ဒီ APP ထဲ ၀င်မယ်ဆိုရင် INTERNET ဖွင့်ထားရပါတယ် ပြီးမှဝင်လို့ရမှာပါ
Notify icon, PerfectKernel, Autorun တိုကို on လိုက်ပါ ပြိးရင်
SwapPart ကိုနှိပ်လိုက်ပါ

၇ ။ အဲမှာ swap size သတ်မှတ်ပေးရမယ့် box တစ်ခုပေါ်လာပါမယ် 256, 512, 1022, 2044, မိမိ လိုချင်သော sizeတစ်ခုရိုက်ထည့်ပေးလိုက်ပါ

၈ ။ ပြီးရင် Menu ကိုရွေးပြိး selectSWAPDIR ကိုနှိပ်လိုက်ပါ

၉ ။ MEMORY LIST တွေပေါ်လာပါမယ် External SD ကတ်ကိုရွေးပေးလိုက်ပါ

၁၀ ။ Info ဆိုပြိး box တစ်ခုကျလာပါမယ် ok နှိပ်လိုက်ပါ

၁၁ ။ Crate swapfile ဆိုပြိး ပေါ်နေပါလိမ့်မယ် 100% ပြိးအောင်းစောင့်လိုက်ပါ ပြိးရင် close လိုက်ပါ

၁၂ ။ Active ကို on ပြိး restart ချလိုက်ပါ

၁၃ ။ ဖုန်းပြန်တက်လာရင် DiskInfo ထဲဝင်ကြည့်လိုက်ပါ MEMORY ဆိုတဲ့ခေါင်းစဉ်အောက်က RAM နဲ့ အတူ SWAP ဆိုပြိးနောက်တစ်ခုပေါ်နေပါမယ် ဒါဆိုအောင်မြင်ပါပြီး

၁၄ ။ SD ကတ်ထဲတွင်း Swapfile.swp ဆိုပြိး ဖိုင်တစ်ရှိနေပါမည် မှားမဖျက်မိစေပါနဲ့

အစကတော့ Partition ခွဲတဲ့ နည်းကိုတင်မလိုပါပဲ ဒါပေမယ့် ဒီနည်းကပိုလွယ်တဲ့အတွက်ဒီနည်းကိုတင်ပေးလိုက်တာပါ

B4rb3 (Darli Myat Shuu)

1 comments:

  1. ကျွန်တော့်ဖုန်းက huawei u 8825 ပါ RAM ကတော့ 370 ကျော်ပဲရှိပါတယ်
    RAMEXPANDER နဲ့လုပ်တာ kernel support မလုပ်ဘူးပြောပါတယ်
    တခြားလုပ်လို့ရတဲ့နည်းရှိရင် ကျေးဇူးပြုပြီးပြောပြပါဆရာ

    ReplyDelete

links များ download မရပါကcomment​ပေးခဲ့နိုင်​ပါတယ်​။

Logo Design by FlamingText.com
Logo Design by FlamingText.com