ကိုယ့်ရဲ့ဖုန်းမှာ အင်တာနက်ချိတ်ဆက်မထားလျှင် ဖြစ်စေ၊ မိုဘိုင်းကွန်ယက်မမိလျှင်ဖြစ်စေ ပေ နှစ်ရာအကွာအဝေးအတွင်း ရှိနေသာ သူများနှင့် FireChat မှာ chat နိုင်မှာဖြစ်ပါတယ်။ bluetooth ချိတ်ဆက်မှုမှနေပြီး တစ်ယောက်နဲ့တစ်ယောက် chatting ပြောနိုင်သလို အားကစားကွင်းတွေထဲမှာ၊ Show ပွဲတွေမှာစသဖြင့် လူတွေအများကြီးရှိတဲ့နေရာတွေမှာ အနီးအနားမှာ FireChat သုံးတဲ့ သင့်ရဲ့ သူငယ်ချင်းတွေရှိမရှိဆိုတာလည်းသိရှိနိုင်မှာဖြစ်ပါတယ်။ FireChat ဟာ ဆက်သွယ်ရေး နည်းစနစ်အသစ်ဖြစ်တဲ့ firechats ဆိုတဲ့စနစ်ကိုသုံးစွဲထားတာဖြစ်ပြီး group အလိုက် ဆွေးနွေးပွဲတွေလုပ်တဲ့အခါ တပြိုင်နက်တည်း လူပေါင်း ၁၀၀၀၀ ကျော် chat နိုင်မှာဖြစ်ပါတယ်။ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ခေါင်းစဉ်တပ်ကာ firechats တွေကို ထောင်လိုက်ကာ အခြားသူများကို ပါဝင်ဆွေးနွေးကြစေဖို့ဖိတ်ခေါ်နိုင်မှာဖြစ်ပါတယ်။FireChat ကိုသုံးစွဲဖို့ မည်သည့် account မှဆောက်စရာမလိုဘဲသုံးစွဲနိုင်ကာ ဘက်ထရီလည်းမစားပါဘူး
Saturday, July 26, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
links များ download မရပါကcommentပေးခဲ့နိုင်ပါတယ်။